လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၀-၅-၂၀၂၀) ရက်နေ့တွင် ကရင်ကူးကျေးရွာအုပ်စုရှိ ကရင်ကူးလေး ကျေးရွာ၊ ကရင်ကူးကြီးကျေးရွာ၊ ဒိုးကုန်းကျေးရွာ၊ ဂန့်ဂေါကွင်းကျေးရွာများ၊ အင်ပင်ကုန်း ကျေးရွာအုပ်စုရှိ ကျားသေကျေးရွာ၊ ဆင်သေကျေးရွာများအတွင်းရှိ ပြည်သူများအား Covid- 19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန် / ရှောင်ရန်အချက် များကို ပြည်သူများ အလွယ်တကူ သိရှိလိုက်နာနိုင်ရေးအတွက် လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_may2020
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)