လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ဦးစီးမှူးရုံး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ကျောက်ဆည်မြို့နယ်ဦးစီးမှူးရုံး၊ ၀မ်းတွင်းမြို့နယ်ဦးစီးမှူးရုံး၊ တောင်သာမြို့နယ်ဦးစီးမှူးရုံး၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးနှင့် နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံးတို့မှ တာ၀န်ရှိသူများသည် ပြင်ဦးလွင်မြို့နယ်၊ သာစည်မြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ ၀မ်းတွင်းမြို့နယ်၊ တောင်သာမြို့နယ်၊ မြင်းခြံမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများအတွင်း (၁၀-၅-၂၀၂၀) ရက်နေ့တွင် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို အသံချဲ့စက်များဖြင့် အသိပညာပေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)