Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရုဏာလူမှုကူညီရေး အသင်းနှင့်ပူးပေါင်း၍ (၁၀-၅-၂၀၂၀) ရက်နေ့တွင် ​ကွတ်ခိုင်မြို့နယ်အတွင်း IDP(camps) မိုင်းယု(ကုန်စုံ) အိမ်ထောင်စု (၈၂)စု၊ လူဦးရေ (၄၂၄)ဦး ၊ မိုင်းယု​လေး အိမ်ထောင်စု (၇၇)စု၊ လူဦးရေ (၃၈၉)ဦး ၊ နမ့်ဖက်ကာနှစ်​ခြင်းအသင်းတော် အိမ်ထောင်စု (၅၇)စု၊ လူဦးရေ(၂၆၃)ဦး ၊ နမ့်ဖက်ကာ နယ်မြေ (၄) အိမ်ထောင်စု(၃၉)စု၊ လူဦးရေ (၁၂၂) ဦး ၊စုစုပေါင်း အိမ်ထောင်စု (၂၅၄)စု၊ လူဦးရေ (၁၁၉၈) ဦး စသည့် IDP(camps)၊ (၄) ခုအတွက် စခန်း(၁)ခုလျှင် အပူချိန်တိုင်းစက်(၁)ခု (၈၀၀၀၀/-)နှုန်း၊ လက်ဆေးဆပ်ပြာ လူတစ်ဦးလျှင် (၂) ခဲနှုန်း ဖြင့်စုစုပေါင်း (၂၃၉၆) ခဲကို ​ထောက်ပံ့​​ပေးခဲ့ပြီး အပူချိန်တိုင်းခြင်းတို့ကို ဆောင်ရွက်​ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_otr

#shn_may2020

Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events