Latest News
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀) ရက်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ကြက်ခြေနီအသင်း၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ထွေွအုပ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြို့အဝင်စုပေါင်းဂိတ်၌ မြို့တွင်းသို့အ၀င် /အထွက် မော်တော်ယာဉ်များတွင် စီးနှင်းလိုက်ပါသော ခရီးသည်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်ကောက်ယူခြင်းနှင့် မိုင်းဖြတ်မြို့နယ်၊ ဝမ်နောင်ကျေးရွာတွင် လတ်တစ်လော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID – 19 ကူးစက် ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် COVID-19ရောဂါကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိပညာပေးနှိုးဆောင်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 … Read more
-
COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီမှ (၁၁:၀၀)နာရီအချိန်ထိ ဖာပွန်မြို့နယ်အတွင်းရှိ သိမ်းချောင်ကျေးရွာ၊ ဆင်စွယ်ချောင်းဝကျေးရွာ၊ နို့လာကျေးရွာနှင့် ဘလော်တယ်ကျေးရွာတို့တွင် COVID-19 ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန် အသံချဲ့စက်ဖြင့် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_may2020 Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀) ရက်နေ့၊ နံနက် (၀၇:၃၀) နာရီအချိန်မှစ၍ နေ့လည် (၁၂:၀၀) နာရီအချိန်အထိ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အင်းတမိသက္ကယ်ကျေးရွာ၊ ကဇင်းရိုးကျေးရွာ၊ သက္ကယ်ကျေးရွာ၊ သပြုပင်ဆိပ်ကျးရွာ၊ ကြို့ကုန်းကျေးရွာ၊ ရေတွင်းကုန်းကျေးရွာ၊ သင်္ကန်းကုန်းကျေးရွာ၊ ပေပင်စုကျေးရွာ၊ အောက်ပိုင်းကျေးရွာနှင့် ကျွန်းတောစုကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာနေပြည်သူလူထုအား အသိပညာပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် အမ်းမြို့နယ်၊ ဈေးတောင်တိုက်ပွဲရှောင်စခန်း၊ မိုးလုံလေလုံအားကစားခန်းမရှိ တိုက်ပွဲရှောင်စခန်းနှင့် အမ်းမြို့နယ်၊ ရူးကျေးရွာအုပ်စု၊ ဒုက္ကံဘက်စုံးသုံးခန်းမရှိ တိုက်ပွဲရှောင်စခန်းများသို့ စခန်း (၁) ခုလျှင် ထုံး(၁၀) အိတ်နှုန်းနှင့် အသိပညာပေးနှိုးဆော်ချက်ဗီနိုင်း(၂)ခုနှုန်းဖြင့် စုစုပေါင်းစခန်း(၃)ခုအတွက် ထုံး အိတ် (၃၀) အိတ်နှင့် အသိပညာပေးနှိုးဆော်ချက် ဗီနိုင်း (၆) ခု တို့အား (၁၃- ၅-၂၀၂၀)ရက်နေ့၊ နံနက် (၀၈:၃၀)နာရီ အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr … Read more
-
မိုင်းဆတ်မြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းဆတ်မြို့နယ်၊ စတုံးကျေးရွာအုပ်စု၊ မယ်ကြုတ် (၁) ကျေးရွာ၌ (၉-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ဘေးသင့် အမိုးလန်အိမ်ခြေ (၆) လုံးနှင့် မယ်ကြုတ် (၂) ကျေးရွာ၌ အမိုးလန်အိမ်ခြေ (၂၂) လုံး၊ စုစုပေါင်း အိမ်ခြေ (၂၈) လုံး၊ အိမ်ထောင်စု (၂၈) စု၊ လူဦးရေ (၁၄၀) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇) ရက်စာ (၂၉၄,၀၀၀/-) … Read more
-
မိတ္ထီလာမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀) ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ လေဘေးသင့်အိမ်ခြေ (၂၆)လုံး၊ ဘာသာရေးကျောင်း(၁) ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၂၈၀၀ဝိ/-)၊ လူဦးရေ (၁၂၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၆၀၄၀ဝိ/-)နှင့် မိုးကြိုးစက်ကွင်းမိ၍ သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့မှု (၁၅၈၈၄၀ဝိ/-) အား မြို့နယ်အုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mdy_may2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)









