
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀) ရက်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ကြက်ခြေနီအသင်း၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ထွေွအုပ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြို့အဝင်စုပေါင်းဂိတ်၌ မြို့တွင်းသို့အ၀င် /အထွက် မော်တော်ယာဉ်များတွင် စီးနှင်းလိုက်ပါသော ခရီးသည်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်ကောက်ယူခြင်းနှင့် မိုင်းဖြတ်မြို့နယ်၊ ဝမ်နောင်ကျေးရွာတွင် လတ်တစ်လော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID – 19 ကူးစက် ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် COVID-19ရောဂါကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိပညာပေးနှိုးဆောင်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_may2020
Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)