လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀) ရက်နေ့၊ နံနက် (၀၇:၃၀) နာရီအချိန်မှစ၍ နေ့လည် (၁၂:၀၀) နာရီအချိန်အထိ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အင်းတမိသက္ကယ်ကျေးရွာ၊ ကဇင်းရိုးကျေးရွာ၊ သက္ကယ်ကျေးရွာ၊ သပြုပင်ဆိပ်ကျးရွာ၊ ကြို့ကုန်းကျေးရွာ၊ ရေတွင်းကုန်းကျေးရွာ၊ သင်္ကန်းကုန်းကျေးရွာ၊ ပေပင်စုကျေးရွာ၊ အောက်ပိုင်းကျေးရွာနှင့် ကျွန်းတောစုကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာနေပြည်သူလူထုအား အသိပညာပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)