လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီမှ (၁၁:၀၀)နာရီအချိန်ထိ ဖာပွန်မြို့နယ်အတွင်းရှိ သိမ်းချောင်ကျေးရွာ၊ ဆင်စွယ်ချောင်းဝကျေးရွာ၊ နို့လာကျေးရွာနှင့် ဘလော်တယ်ကျေးရွာတို့တွင် COVID-19 ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန် အသံချဲ့စက်ဖြင့် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#krn_may2020
Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)