လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းဆတ်မြို့နယ်၊ စတုံးကျေးရွာအုပ်စု၊ မယ်ကြုတ် (၁) ကျေးရွာ၌ (၉-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ဘေးသင့် အမိုးလန်အိမ်ခြေ (၆) လုံးနှင့် မယ်ကြုတ် (၂) ကျေးရွာ၌ အမိုးလန်အိမ်ခြေ (၂၂) လုံး၊ စုစုပေါင်း အိမ်ခြေ (၂၈) လုံး၊ အိမ်ထောင်စု (၂၈) စု၊ လူဦးရေ (၁၄၀) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇) ရက်စာ (၂၉၄,၀၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၁,၆၂၂,၀၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁,၉၁၆,၀၀၀/-) ကျပ်တို့အား (၁၂-၅-၂၀၂၀) ရက်နေ့တွင် မိုင်းဆတ်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#shn_may2020
Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)