Latest News
-
ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ IDP စခန်းများနှင့် ယာယီတိုက်ပွဲရှောင်စခန်းများတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
မေလ ၁၃ ရက် ၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများ တွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID – 19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ၂။ (၁၃–၅–၂၀၂၀)နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ၊ လယ်ကုန်းဇီးအုန်၊ လယ်ကုန်းဗက်လင်နှင့် လယ်ကုန်းမလိယန် IDP စခန်းများနှင့် မိုးကောင်းမြို့နယ်ရှိ မဟောင်နှစ်ခြင်း၊ မိုးကောင်းနှစ်ခြင်း IDP စခန်း စုစုပေါင်း … Read more
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀)ရက်နေ့ ညနေ(၁၇:၂၀) နာရီအချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် လူနေအိမ် (၅၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၄၁၈,၀၀၀/-) ကျပ်၊ ပြိုလဲ လူနေအိမ်(၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၃) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၇,၃၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁,၇၄၅,၃၀၀/-) ကျပ်နှင့် ပလပ်စတစ်ပုံးအပါ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး … Read more
-
မိုးကြိုးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးမှုသတင်း
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲ့ပလဲကျေးရွာအုပ်စု၊ မဲ့ပလဲကျေးရွာနှင့် စံပါလိုက်ကျေးရွားကြား၊ ပွေ့ကော်ဘုန်းကြီး ကျောင်းကုန်းတွင်(၁၃-၅-၂၀၂၀) ရက်နေ့ (၁၄:၃၀)နာရီချိန်၌ မနော်အဲ့ဆဲ အသက်(၂၅)နှစ်သည် နေအိမ်၌ မိုးရွာနေစဉ် ဟန်းဖုန်းအသုံးပြုနေရာမှ မိုးကြိုးထိမှန်သေဆုံးခဲ့သောကြောင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင် ဦးစီးမှူးရုံးမှ သေဆုံးသူ၏ မိသားစုဝင်အား ထောက်ပံ့ငွေ (၃၀၀,ဝဝဝိ/-) ကျပ်ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ (၁၄-၅-၂၀၂၀)ရက်နေ့ (၁၁:၃၀)နာရီအချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါ သည်။ #ha_tls #krn_may2020 Source: … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကျေးရွာအုပ်စု(၃)၊ ကျေးရွာ(၆)ရွာတို့တွင် (၁၁-၅-၂၀၂၀) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျအိမ်ခြေ (၉) လုံး၊ အမိုးလန်အိမ်ခြေ (၇၉) လုံး၊ သာသနိကအဆောက်အဦ(၄)လုံးအတွက် ကျောင်းဆောက်/အိမ်ဆောက်ပစ္စည်းဖိုး (၅၃၄၅၀၀၀) ကျပ်၊ လူဦးရေ (၃၄၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇၂၆၆၀၀)ကျပ်၊ သေဆုံးသူ(၂)ဦးအတွက် သေဆုံးထောက်ပံ့ငွေ(၆၀၀၀၀၀)ကျပ်၊ ဒဏ်ရာရ(၂)ဦးအတွက် ထောက်ပံ့ငွေ (၁၀၀၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၇၇၁၆၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု(၉)စုစာတို့အား (၁၃-၅-၂၀၂၀) ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ … Read more
-
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ပဉ္စမအကြိမ်အစည်း အဝေးကျင်းပ
၁၃.၅.၂၀၂၀၊ နေပြည်တော် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာလုပ်ငန်းကော်မတီ ပဉ္စမအကြိမ်အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် Video Conference ဖြင့် ကျင်းပ ပြုလုပ်ခဲ့ရာ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးစိုးအောင်၊ လုပ်ငန်းကော်မတီဝင်များဖြစ်သည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ … Read more
-
(COVID-19) ရောဂါကာကွယ်ရေးပစ္စည်းများထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်မှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀) ရက် နေ့တွင် ဘူးသီးတောင်မြို့နယ် အတွင်းရှိတိုက်ပွဲရှောင်စုရပ်စခန်းများသို့ မြောင်းနားတိုက်ပွဲရှောင် စုရပ်ရှိ (အထစ) (၈၂) စု၊ လူဦးရေ (၄၂၄) ဦးအား လက်သန့်ဆေးရည် (၈၂) ဘူး၊ အပူချိန်တိုင်း ကရိယာ (၁) ခုအားလည်းကောင်း ဝရကျွန်းကျေးရွာ ဘင်္ဂါလီတိုက်ပွဲရှောင်စုရပ်ရှိ (အထစ) (၁၀၅) စု၊ လူဦးရေ (၇၁၂) ဦးအားထုံး (၅) အိတ်၊ ဗွီနိုင်း (၁)ချပ်၊ လက်သန့်ဆေးရည် … Read more









