မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ပဉ္စမအကြိမ်အစည်း အဝေးကျင်းပ

၁၃..၂၀၂၀၊ နေပြည်တော်

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာလုပ်ငန်းကော်မတီ ပဉ္စမအကြိမ်အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် Video Conference ဖြင့် ကျင်းပ ပြုလုပ်ခဲ့ရာ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးစိုးအောင်၊ လုပ်ငန်းကော်မတီဝင်များဖြစ်သည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ တာဝန်ရှိသူများ၊ မသန်စွမ်းသူများအရေးဆောင်ရွက်နေသော လူမှု အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌက အဖွင့်အမှာစကား ပြောကြားရာတွင် လုပ်ငန်းကော်မတီအစည်း အဝေးတို့ကို ၂၀၁၈ ခုနှစ်မှစတင်၍ ကျင်းပပြုလုပ်ခဲ့ရာ ယနေ့တွင် ပဉ္စမအကြိမ်ရှိပြီဖြစ်ပါကြောင်း၊ စတုတ္ထအကြိမ် အစည်းအဝေး တွင် ဆုံးဖြတ်ချက် (၁၉) ချက်ကို ချမှတ်နိုင်ခဲ့ပြီး ဆောင်ရွက်ပြီး (၁၂) ချက်နှင့် ဆောင်ရွက်ဆဲ (၅) ချက်နှင့် ဆောင်ရွက်ရန်ကျန် (၂) ချက်ရှိပါကြောင်း၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန်သည့် ဆုံးဖြတ်ချက်တို့ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရေး အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် လိုပါကြောင်း၊ အမျိုးသားကော်မတီဖွဲ့စည်းပြီး နောက်ပိုင်းမသန်စွမ်းသူများဆိုင်ရာအခွင့်အရေးများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်းသည့် နှစ်ပတ်လည် အစီရင်ခံစာကိုလည်း ပုံနှိပ်ထုတ်ဝေနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်သည် မသန်စွမ်းသူများအတွက် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူဖြစ်စေသောကြောင့် လက်ရှိဆောင်ရွက်နေသည့် ရှေ့ပြေးစီမံကိန်း နေရာများတွင် ဆက်လက်တိုးချဲ့ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအ နေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွေကို အရှိန်အဟုန်မပြတ် ဆောင်ရွက် နိုင်ရေးအတွက် Video Conference ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု ကြုံတွေ့နေရသော COVID-19 ကပ်ရောဂါ ကာလ အတွင်းဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်တို့နှင့်ပူးပေါင်း၍ မသန်စွမ်းမှုအလိုက် အသိပညာပေး အစီ အစဉ်များ၊ မသန်စွမ်းသူများ COVID-19  အရေးပေါ်တုံ့ပြန်ရေး ပူးပေါင်းကော်မတီနှင့် ညှိနှိုင်း၍ မသန်စွမ်းသူများနှင့် ၎င်းတို့၏ အိမ်ထောင်စု (၆၆၅) စုအတွက် ငွေကြေးထောက်ပံ့ရန်စီစဉ်ဆောင်ရွက်ခြင်း၊ COVID-19 ရောဂါ ကူးစက်ခံရသည့် မသန်စွမ်းသူ (၂)ဦးအတွက် ငွေကြေးထောက်ပံ့ခြင်း၊  COVID-19 ကာလအတွင်း မသန်စွမ်းသူများကို ချန်လှပ်ထားခြင်းမရှိစေရန် စီမံချက်ရေး ဆွဲခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ COVID-19 အလွန်ကာလတွင်လည်း မသန်စွမ်းသူများ၏ အခွင့်အရေးများကို ပေါင်းစပ်ဆောင်ရွက်သော အမျိုးသားအဆင့်မဟာဗျူဟာ(၅)နှစ်စီမံကိန်း (National Strategic Plan in Mainstreaming the Rights of Persons with Disabilities) ကို အမြန်ဆုံး ရေးဆွဲချမှတ်နိုင်ဖို့ လုပ်ငန်းကော်မတီအောက်ရှိ ဆပ်ကော်မတီအသီးသီးမှ Core Group ဖွဲ့စည်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခုလို COVID-19 ကပ်ရောဂါကာလအတွင်း မြန်မာနိုင်ငံမသန်စွမ်းသူ များ အသင်းချုပ်နှင့် ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများကို အားလုံးအကျုံးဝင်သည့် IEC Materialများ အချိန်မီထုတ်ဝေ ဖြန့်ချိနိုင်ခဲ့ခြင်း၊ မသန်စွမ်းသူများ COVID-19 အရေးပေါ်တုံ့ပြန်ရေးပူးပေါင်းကော်မတီ၏ တင်ပြချက်များနှင့်အညီ ထောက်ပံ့မှု များ အချိန်မီဆောင်ရွက်နိုင်ခြင်း စသည်တို့သည် မည်သူမှ မကျန်ရစ်စေရေးဆိုသည့်မူနှင့် အညီဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

စတုတ္ထအကြိမ်လုပ်ငန်းကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့်ဆောင်ရွက် ရန်ကျန် အချက်အလက်များအား လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့မှ ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာလုပ်ငန်းကော်မတီဝင်အသီးသီးက စတုတ္ထအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ မသန်စွမ်းသူများကဏ္ဍအလိုက် လိုအပ်ချက်တို့ကို ဖြည့်ဆည်းနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက် ရန်လိုအပ်ချက်များ၊ ရှေ့ဆက်ဆောင်ရွက်ရန် လိုအပ်မည့်အချက်တို့ကို ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။

#hl2_otr
#npw_may2020

Source:   MSWRR

Sign Up

Upcoming Events