ကရင်ပြည်နယ်၊ အ.ထ.က (၅) ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က(အိန္ဒု)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ ဘတ်စုံသုံးခန်းမတွင် သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း - လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝ​ဘေးအသိပညာ​ပေး​ဟော​ပြောပွဲ​ဆောင်ရွက်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၁)စာသင်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း - လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • မိုးကောင်းမြို့နယ် ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) နာရီအချိန်တွင် မိုးကောင်းမြို့နယ်၊ ပင်လုံကျေးရွာ၊ အင်ကြင်းကုန်းကျေးရွာ၊ သိုက်ဝါးကုန်းကျေးရွာနှင့် အုန်းဘောင်ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ လိုက်နာရမည့်အချက်များအား အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_may2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ ခိုအွတ်အုပ်စု၊ ဖာငတ်(၈) မိုင်ရွာနှင့် ဟိုနောင်အုပ်စု၊​​ နောင်ခမ်းကျေးရွာတို့၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် / ပြိုကျ ပျက်စီးသွားခဲ့သော အိမ်ထောင်စု (၁၄) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၁၄၅၀၀၀/-)ကျပ် နှင့် လူဦးရေ ( ၇၇ )ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆၁၇၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၃၀၆၇၀၀/-) ကျပ်တိတိ … Read more

  • သရက်ခရိုင်၊ ကံမမြို့နယ် လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ ကံမမြို့နယ်၊ ရပ်ကွက်/ ကျေးရွာ အုပ်စု (၂၈) စု၊ ရပ်ကွက်/ကျေးရွာ (၅၁) ရွာတို့၌ (၁၁-၅-၂၀၂၀) ရက်နေ့၊ (၁၇:၁၀)နာရီမှ (၁၇:၃၅) နာရီအချိန်ထိ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်အမိုးလန်ပျက်စီး လူနေအိမ် (၄၃၈) လုံး၊ ဘုန်းတော်ကြီးကျောင်း  (၂) ကျောင်း၊ သာသနိကအဆောက်အဦ  (၂) ခုတို့အတွက် အိမ်ဆောက်/ ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၁၅,၄၇၀,၀၀ဝ/-) ကျပ်တို့အား (၁၂-၅-၂၀၂၀) ရက်​နေ့၊ … Read more

  • လေးမျက်နှာမြို့နယ် ရှမ်းရွာအုပ်စုအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၁:၃၀) နာရီအချိန်ထိ လေးမျက်နှာမြို့နယ်အတွင်းရှိ ရှမ်းရွာအုပ်စု၊ ရှမ်းရွာကျေးရွာ၊ ရွှေဘိုစုကျေးရွာ၊ ဇင်ပြွန်းကုန်းကျေးရွာနှင့် ရွာသစ်ကုန်းကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များအား ကျေးရွာနေပြည်သူများသို့ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀) ရက်နေ့၊  (၀၉:၃၀)နာရီမှ စတင်၍ ဘီးလင်းမြို့နယ်၊ မရမ်းကုန်းကျေးရွာအုပ်စု အတွင်းရှိ မရမ်းကုန်းကျေးရွာ၊ ကွက်သစ်ကျေးရွာ၊ ကံကြီးပိုင်းကျေးရွာ၊ ပိုင်ဒံကြီးကျေးရွာ၊ တောင်ကလေးကျေးရွာ ၊ ရာဘာခြံကျေးရွာ၊ တံတားဉီးကျေးရွာ၊ ငါးဘတ်ချောင်ကျေးရွာနှင့် ရွာတန်းရှည်ကျေးရွာတို့ တွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် တို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။ #ar #mon_may2020 … Read more

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ နောင်လျဲန်ကျေးရွာတွင် (၁၂-၅-၂၀၂၀) ရက်နေ့၊ (၁၄:၀၀) အချိန်ခန့်တွင်ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် ‌စုစုပေါင်းနေအိမ်(၃)လုံး၊ လူဦးရေ စုစုပေါင်း(၁၈)ဦး လေဘေးသင့်ခဲ့၍ ဆုံးရှုံးမှုတန်ဖိုးမှာ (၃၀၀,၀၀၀/-)ကျပ်ခန့်ဖြစ်ပြီး အဆိုပါ လေဘေးသင့်အိမ်ထောင်စု စုစုပေါင်း(၃)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၁)ပတ်စာဖိုးထောက်ပံ့ငွေေ(၃၇,၈၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၀)မျိုးတို့အား (၁၃-၅-၂၀၂၀) ရက်နေ့  (၁၁:၃၀) နာရီအချိန်ခန့်တွင် ဘေးသင့်ပြည်သူများ လက်၀ယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #shn_may2020 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး … Read more