လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်မှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀) ရက် နေ့တွင် ဘူးသီးတောင်မြို့နယ် အတွင်းရှိတိုက်ပွဲရှောင်စုရပ်စခန်းများသို့ မြောင်းနားတိုက်ပွဲရှောင် စုရပ်ရှိ (အထစ) (၈၂) စု၊ လူဦးရေ (၄၂၄) ဦးအား လက်သန့်ဆေးရည် (၈၂) ဘူး၊ အပူချိန်တိုင်း ကရိယာ (၁) ခုအားလည်းကောင်း ဝရကျွန်းကျေးရွာ ဘင်္ဂါလီတိုက်ပွဲရှောင်စုရပ်ရှိ (အထစ) (၁၀၅) စု၊ လူဦးရေ (၇၁၂) ဦးအားထုံး (၅) အိတ်၊ ဗွီနိုင်း (၁)ချပ်၊ လက်သန့်ဆေးရည် (၁၀၅) ဘူး၊ အပူချိန်တိုင်းကရိယာ (၁) ခု၊ Mask (၂၁၀)ခု၊ ဆပ်ပြာ (၇၁၂) ခဲအားလည်းကောင်း စုရပ်စခန်း တာဝန်ရှိသူများထံ သွားရောက်လွှဲပြောင်းထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#rke_may2020
Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)