ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ IDP စခန်းများနှင့် ယာယီတိုက်ပွဲရှောင်စခန်းများတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

မေလ ၁၃ ရက်

၁။     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများ တွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID – 19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။     (၁၃၂၀၂၀)နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ၊ လယ်ကုန်းဇီးအုန်၊ လယ်ကုန်းဗက်လင်နှင့် လယ်ကုန်းမလိယန် IDP စခန်းများနှင့်  မိုးကောင်းမြို့နယ်ရှိ မဟောင်နှစ်ခြင်း၊ မိုးကောင်းနှစ်ခြင်း IDP စခန်း စုစုပေါင်း IDP စခန်း(၅)ခုသို့ သွားရောက်၍ လက်သန့်ဆေးရည် (၇၄၂)ဗူး၊ ဆပ်ပြာ(၁၇၆၂)ခဲ၊ အဝတ် Mask (၂၉၂)ခု၊  လက်ဆေးစင် (၂)ခု၊ အပူချိန်တိုင်း ကိရိယာ(၅)ခု၊ Hand Speaker ()ခု၊ COVID-19 အသိပညာပေးအသံဖိုင် ထည့်သွင်းထားသော Memory Stick ()ခုနှင့် ဗီနိုင်း(၂)ချပ်တို့အား ထောက်ပံ့ခဲ့ပါသည်။

၃။     အလားတူ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ အမျိုးသားကျောင်း၊ ကရုချောင်း၊ မောသိကရံ၊ ဝိဘဂွဝါဒီ၊ မုဒ္ဒေါမော်၊ ဓမ္မရာမ၊ မဟာမုနိဗုဒ္ဓဝိဟာရ၊ နန်းရွှေဂူ၊ မဟာဇေယျ သိဒ္ဓိပဌာန်၊ မဏိရတနာ၊ ဆည်ကြီး၊ အလိုတော်ပြည့်၊ မဟာဝိဇယာရာမ၊ ဆုတောင်းပြည့်၊ ဒက္ခေါင်း၊ မဟာအောင်မြေဘုံ၊ တေဇရာမကမ္မဌာန်း၊ သာသနာ့ဗိမာန်နှင့် မဟာသိမဝံသ ယာယီ တိုက်ပွဲရှောင် စုရပ်များ၊ ဘူးသီးတောင်မြို့နယ်ရှိ ဝရကျွန်းကျေးရွာနှင့် မြောင်းနား ယာယီတိုက်ပွဲရှောင်စုရပ်များ၊ မြောက်ဦးမြို့နယ်ရှိ မြောက်ဦး တိမ်ညို ယာယီတိုက်ပွဲရှောင်စုရပ်နှင့် အမ်းမြို့နယ်ရှိ ဒုက္ကံကျေးရွာဘက်စုံသုံးခန်းမ၊ ဈေးတောင်ရပ်ကွက်နှင့် မိုးလုံလေလုံ အားကစားခန်းမ ယာယီတိုက်ပွဲရှောင်စုရပ် စုစုပေါင်း စုရပ် (၂၅) ခုသို့ သွားရောက်၍ အဝတ် Mask (၆၅၅၂)ခု၊ ဆပ်ပြာ(၈၄၅) တောင့်၊ လက်ဆေးစင်(၉)ခု၊ လက်သန့်ဆေးရည်(၁၈၇)ဘူး၊ အပူချိန်တိုင်းကိရိယာ(၂)ခု၊ ထုံးအိတ်(၄၅)အိတ်၊ ဗီနိုင်း(၇)ချပ်တို့အား ထောက်ပံ့ခဲ့ပါသည်။

၄။     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင်  အသိပညာပေးလုပ်ငန်းများ၊    အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများနှင့်   စိတ်ဓါတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာလုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

#ar
#kcn_rke_may2020

Source:  MSWRR

 

Sign Up

Upcoming Events