လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကျေးရွာအုပ်စု(၃)၊ ကျေးရွာ(၆)ရွာတို့တွင် (၁၁-၅-၂၀၂၀) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ​ပြိုကျအိမ်ခြေ (၉) လုံး၊ အမိုးလန်အိမ်ခြေ (၇၉) လုံး၊ သာသနိကအဆောက်အဦ(၄)လုံးအတွက် ကျောင်းဆောက်/အိမ်ဆောက်ပစ္စည်းဖိုး (၅၃၄၅၀၀၀) ကျပ်၊ လူဦးရေ (၃၄၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇၂၆၆၀၀)ကျပ်၊ သေဆုံးသူ(၂)ဦးအတွက် သေဆုံးထောက်ပံ့ငွေ(၆၀၀၀၀၀)ကျပ်၊ ဒဏ်ရာရ(၂)ဦးအတွက် ထောက်ပံ့ငွေ (၁၀၀၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၇၇၁၆၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု(၉)စုစာတို့အား (၁၃-၅-၂၀၂၀) ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#mgy_may2020

Source:       မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events