ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၂၀)ရက်နေ့တွင် ဗန်းမော်မြို့၊ နှစ်ခြင်း(မူရင်း) IDPစခန်း အိမ်ထောင်စု(၁၁)စု၊ လူဉီးရေ(၅၀)ဉီးတို့အတွက် အပူချိန်တိုင်းကိရိယာ (၁)ခု၊ hand speaker (၁)ခု၊ memory stick( ၁) ခု၊ ဘေစင်( ၁)စုံ၊ ထုံး (၁၀) အိတ်၊ ဆပ်ပြာ (၅၀)ခဲ၊ လက်သန့်ဆေးရည်(၂၂)ဗူးနှင့် အဝတ်mask (၁၀၀)ခု၊ ဗန်းမော်မြို့၊ ရောဘတ်ကျောင်း IDPစခန်း၊ အိမ်ထောင်စု(၆၂၈)စု၊ လူဉီးရေ(၃၉၅၅)ဉီးတို့အတွက် hand speaker(၁)ခု၊ memory stick (၁) ခု ၊ ဘေစင် (၁၅) စုံ၊ ထုံး( ၁၀) အိတ်၊ ဆပ်ပြာ (၃၉၅၅)ခဲ၊ လက်သန့်ဆေးရည် (၁၂၅၆)ဗူး၊ အဝတ်mask (၇၉၁၀)ခုတို့အား  IDPစခန်း(၂)ခုတို့၌ သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_otr

#kcn_may2020

Source: ဗန်းမော်ခရိုင်ဦးစီးမှုးရုံး (ဘစမ)

Sign Up

Upcoming Events