COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၅-၂၀၂၀) ရက်နေ့ နံနက်(၀၈:၃၀)နာရီအချိန်မှစ၍ နေ့လည်(၁၄:၃၀)နာရီအချိနိအထိ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ လက်ပံကုန်းကျေးရွာ၊ ဖိုးအောင်နီကျေးရွာ၊ ညောင်ချောင်းကျေးရွာ၊ လယ်တောချောင်းကျေးရွာ၊ တခွန်တိုင်ကျေးရွာ၊ ပျဉ်းမငူကျေးရွာ၊ လွှစင်စုကျေးရွာ၊ တလုပ်ထော်ကျေးရွာ၊ အနောက်စု ကျေးရွာ၊ ခလောက်သိုက်ကျေးရွာနှင့် အရှေ့ဥယျာဉ်စုကျေးရွာတို့၌ လတ်တလောနိုင်ငံ အသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များကို ရပ်ကွက်နေပြည်သူလူထုအား အသိပညာပေးလှည့်လည်ဟောပြော ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_may2020

Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events