လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၂၀ )ရက်နေ့တွင် စီပင်အုပ်စု၊ ရှောက်ကုန်းကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲပျက်စီးနေအိမ်(၁)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ(၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၆၀ဝဝဝိ/-)ကျပ်၊ ပြိုလဲပျက်စီးအိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁)အိမ်ထောင်စာ တန်ဖိုးငွေ (၃၄၇၅၃ /-)ကျပ်၊ လူဦးရေ (၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၁၆၈၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့မှု တန်ဖိုးငွေ(၂၁၁၅၅၃/-) ကျပ်တို့ကို (၂၁-၅-၂၀၂၀)ရက်နေ့တွင် (၁၃:၃၀)နာရီအချိန်တွင်သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ဘေးသင့်ပြည်သူများ လက်ဝယ်သို့ အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_ sgw
#ayy_may2020

Sign Up

Upcoming Events