လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၂၀)ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ စစ်ကုန်းကျေးရွာအုပ်စု၊ သဒ္ဓမ္မကျွန်း ကျေးရွာတွင် ကမ်းပြိုပြောင်းရွှေ့အိမ်ခြေ(၁၂)လုံး၊ အိမ်ထောင်စု(၁၂)စုရှိ လူဦးရေ(၅၅)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၂၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၁၅၅၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ရန်ပုံငွေ (၁၃၁၅၅၀၀/-)ကျပ်ကို (၂၁-၅-၂၀၂၀)ရက်နေ့(၁၃:၄၅)နာရီ အချိန်တွင်အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာ၀န်ရှိသူများနှင့်အတူဘေးသင့်ပြည်သူလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_ rbe
#ayy_may2020