Latest News
-
ကမ်းပြိုဘေးသင့် ကြိုတင်ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူး(စကု)မြို့နယ်၊ နိဗ္ဗာန်ကျွန်းကျေးရွာတွင် (၂၄-၅-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၅)လုံး၊ အိမ်ထောင်စု(၅)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၅၀၀,၀၀၀ိ/-)၊ လူဦးရေ(၂၈)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာ (၅၈,၈၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၅၅၈,၈၀၀ိ/-)အား (၂၆-၅-၂၀၂၀)ရက်နေ့ (၁၂:၀၀)အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_may2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါဆိုင်ရာ အသိပညာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ (၂၆-၅-၂၀၂၀)ရက်နေ့ (၈း၀၀)နာရီအချိန်မှ (၄း၀၀)နာရီအချိန်ထိ လွိုင်လင်မြို့၊ ပန်ခေါက်ဝိုးကျေးရွာ Covid-19စစ်ဆေးရေးဂိတ်၌ ကျိုင်းတုံ – တောင်ကြီး ပြည်ထောင်စု ကားလမ်းမပေါရှိ ခရီးသွားပြည်သူများအား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19 ) ဆောင်ရန်ရှောင်ရန်များ အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင် မှတ်တမ်းယူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၅-၂၀၂၀) ရက်နေ့၊ (၀၇:၃၀)နာရီအချိန်မှ စတင်ပြီး ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု အတွင်းရှိ ရွှေရောင်ပြကျေးရွာ၊ အဝင်းကြီးကျေးရွာ၊ ဇီးဝင်းကျေးရွာ၊ မရမ်းကုန်းလေးကျေးရွာ၊ မရမ်းကုန်းကြီးကျေးရွာ၊ ခလောင်းအင်းကျေးရွာနှင့် မိကျောင်းအင်းကျေးရွာတို့တွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် တို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_may2020
-
လေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ငဝန်ဒေါင့်ကြီးကျေးရွာအုပ်စု၊ ငဝန်ဒေါင့်ကြီးကျေးရွာနှင့် ဇီးဖြူကွင်းကျေးရွာအုပ်စု၊ ကွမ်းသီးခြံကျေးရွာ၊ ဆပ်သွားကျေးရွာအုပ်စု၊ ရှောပြာကုန်းကျေးရွာတို့၌ (၂၁-၅-၂၀၂၀) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံးနှင့် အမိုးလန်ပျက်စီးနေအိမ်(၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၆,၈၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁) အိမ်ထောင်စုစာတို့ကို (၂၅-၅-၂၀၂၀) ရက်နေ့၊ (၁၄:၀၀)နာရီအချိန်နှင့် (၁၅:၀၀) နာရီအချိန်တို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_may2020 … Read more
-
ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများနှင့် ယာယီ တိုက်ပွဲရှောင်နေရာ များတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
မေလ ၂၅ ရက်နေ့ ၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများ အား COVID – 19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ၂။ ယနေ့တွင် ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ နှစ်ခြင်း IDP စခန်းသို့ သွားရောက်၍ Hand Speaker (၁)ခု၊ COVID-19 အသိ ပညာပေးအသံဖိုင် … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှတာတန်ရှိသူများသည် (၂၅-၅-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်မိ/ရပ်ဖများ၊ ကျေးရွာရှိတာဝန်ရှိသူများနှင့်အတူ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သစ်ပုတ်ကုန်းကျေးရွာအုပ်စု၊ သစ်ပုတ်ကုန်းကျေးရွာ၊ အောက်စုကျေးရွာနှင့် ရှမ်းကွင်းကျေးရွာတို၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)









