လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ငဝန်ဒေါင့်ကြီးကျေးရွာအုပ်စု၊ ငဝန်ဒေါင့်ကြီးကျေးရွာနှင့် ဇီးဖြူကွင်းကျေးရွာအုပ်စု၊ ကွမ်းသီးခြံကျေးရွာ၊ ဆပ်သွားကျေးရွာအုပ်စု၊ ရှောပြာကုန်းကျေးရွာတို့၌ (၂၁-၅-၂၀၂၀) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံးနှင့် အမိုးလန်ပျက်စီးနေအိမ်(၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၆,၈၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁) အိမ်ထောင်စုစာတို့ကို (၂၅-၅-၂၀၂၀) ရက်နေ့၊ (၁၄:၀၀)နာရီအချိန်နှင့် (၁၅:၀၀) နာရီအချိန်တို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_may2020
Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)