ကမ်းပြိုဘေးသင့် ကြိုတင်ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူး(စကု)မြို့နယ်၊ နိဗ္ဗာန်ကျွန်း​ကျေးရွာတွင် (၂၄-၅-၂၀၂၀)ရက်​နေ့၌ ဖြစ်ပွားခဲ့​သော ကမ်းပြို​ဘေး​​ကြောင့် ​ပြောင်း​ရွှေ့အိမ်​ခြေ(၅)လုံး၊ အိမ်​ထောင်စု(၅)စုတို့အတွက် အိမ်​ဆောက်ပစ္စည်းဖိုး(၅၀၀,၀၀၀ိ/-)၊ လူဦး​ရေ(၂၈)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာ (၅၈,၈၀၀ိ/-)ကျပ်၊ စုစု​​ပေါင်း​ထောက်ပံ့​ငွေ(၅၅၈,၈၀၀ိ/-)အား (၂၆-၅-၂၀၂၀)ရက်​နေ့ (၁၂:၀၀)အချိန်တွင် ​​ကျေးရွာအုပ်ချုပ်​​ရေးမှူးနှင့်အတူ ​ဘေးသင့်ပြည်သူများ လက်ဝယ်အ​ရောက် သွား​ရောက်ထောက်ပံ့​ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_rbe

#mgy_may2020

Source:           မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events