မေလ ၂၅ ရက်နေ့
၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများ အား COVID – 19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂။ ယနေ့တွင် ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ နှစ်ခြင်း IDP စခန်းသို့ သွားရောက်၍ Hand Speaker (၁)ခု၊ COVID-19 အသိ ပညာပေးအသံဖိုင် ထည့်သွင်းထားသော Memory Stick (၁)ခု၊ အပူချိန်တိုင်းကိရိယာ(၁)ခု၊ လက်ဆေးစင်(၃)ခု၊ ထုံး(၁၀)အိတ်၊ ဆပ်ပြာ(၇၈၃)ခဲ၊ လက်သန့်ဆေးရည် (၃၅၄)ဗူး၊ အဝတ် Mask (၁၅၆၆)ခုတို့အား ထောက်ပံ့ခဲ့ပါသည်။
၃။ အလားတူ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ကန်စောက်ဘုန်းကြီးကျောင်း၊ တောင်မင်းကုလားကျေးရွာအုပ်စု ဘုန်းကြီး ကျောင်း၊ ဝါးတောင်တိုက်ပွဲရှောင်စခန်း၊ ညောင်ချောင်း ကျေးရွာအရှေ့ဘက်ကျေးရွာပိုင် ဘုံမြေနေရာ၊ မြို့သစ်ရပ်ကွက်မြို့နယ် သာသနာ့ဗိမာန်၊ ပြည်တော်သာရပ်ကွက် ခရစ်တော်အသင်းကျောင်း၊ မြို့မ(အ.ထ.က)စာသင်ကျောင်း၊ ပိုက်သည်ရပ်ကွက်၊ မဟာကံကြီး သျှင်ဘုရား၊ မြို့သစ်ရပ်ကွက်နေပူခံတိုက်ပွဲရှောင်စခန်း၊ ပြည်တော်သာရပ်ကွက် (အ.ထ.က)စာသင်ကျောင်း၊ မြို့သစ်ရပ်ကွက် အ.မ.က(၃) စာသင်ကျောင်း စုစုပေါင်း တိုက်ပွဲရှောင်စခန်း(၁၁)ခုတို့တွင် ဆပ်ပြာ(၂၇၂၇)တောင့်၊ Surgical Mask (၅၄၅၄)ခု၊ ထုံး(၂၁၀)အိတ်၊ လက်ဆေးစင်(၂၁)ခုတို့အား ထောက်ပံ့ခဲ့ပါသည်။
၄။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင် အသိပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ နှင့် စိတ်ဓါတ်ရေးရာမြှင့်တင်ပေးမှုဆိုင်ရာလုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
#ar
#kcn_rke_may2020
Source: MOSWRR