
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ (၂၆-၅-၂၀၂၀)ရက်နေ့ (၈း၀၀)နာရီအချိန်မှ (၄း၀၀)နာရီအချိန်ထိ လွိုင်လင်မြို့၊ ပန်ခေါက်ဝိုးကျေးရွာ Covid-19စစ်ဆေးရေးဂိတ်၌ ကျိုင်းတုံ – တောင်ကြီး ပြည်ထောင်စု ကားလမ်းမပေါရှိ ခရီးသွားပြည်သူများအား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19 ) ဆောင်ရန်ရှောင်ရန်များ အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင် မှတ်တမ်းယူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_may2020
Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)