Latest News
-
ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၆-၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင် မြို့နယ်အတွင်း IDP(camps) (၅) ရပ်ကွက် နှစ်ခြင်းအသင်းတော်ရုံး၊ (၆) ရပ်ကွက် မူကြိုကျောင်း စခန်းတစ်ခုလျှင် Hand Speaker (၁) ခု၊ Memory Stick (၁) ခုနှုန်းဖြင့် စုစုပေါင်း Hand Speaker (၂) ခု၊ Memory Stick (၂) ခု တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၆-၂၀၂၀)ရက်နေ့၊ (၀၉:၀၀) နာရီအချိန်၌ ရေစကြိုမြို့နယ်၊ နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာတွင် ချင်းတွင်းမြစ် ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ လူနေအိမ်(၈)လုံး၊ အိမ်ထောင်စု(၈)စု၊ လူဦးရေ(၃၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀၀,၀၀ဝိ/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၁,၉၀ဝိ/-) ကျပ်၊ စုစုပေါင်း (၈၈၁,၉၀ဝိ/-)ကျပ်အား (၂-၆-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)အချိန်တွင် ရေစကြိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
ရွှေတောင်မြို့နယ်၊ ကျေးရွာအုပ်စု(၄)အုပ်စုအတွင်းရှိ လေပြင်းဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေတောင်မြို့နယ်၊ ကျေးရွာအုပ်စု(၄)အုပ်စုတို့၌ (၃၀-၅-၂၀၂၀)ရက်နေ့၊ (၁၉:၅၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် အမိုးလန်ခဲ့သည့်နေအိမ် (၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၁၄၀၀၀)ကျပ်၊ ပြိုလဲနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀)ကျပ်၊ လူဦးရေ (၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၂၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၁၈၂၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု (၂)စုစာတို့အား (၂-၆-၂၀၂၀)ရက်နေ့၊ (၁၁:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_jun2020 … Read more
-
မိုးကြိုးဘေးသင့်ပြည်သူအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၅-၂၀၂၀)ရက်နေ့၊ (၁၄:၀၀) နာရီချိန်၌ ကော့ကရိတ်မြို့နယ်၊ နောင်ကိုင်း ကျေးရွာအုပ်စု၊ မိဖာလဲကျေးရွာတွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် မိုးကြိုးထိမှန်၍ သေဆုံးသွားသူ (၁)ဦးအတွက် သေဆုံးထောက်ပံငွေ (၃၀၀၀၀၀/-)ကျပ်အား (၂-၆-၂၀၂၀)ရက်နေ့၊နေ့လည် (၁၅:၀၀)နာရီချိန်တွင် ကျန်ရစ်သူမိသားစုထံသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_tls #krn_jun2020
-
အင်္ဂပူမြို့နယ်၊ လင်းလွန်းပင်အုပ်စု၊ သင်တောမြောင်ကျေးရွာ လေပြင်းဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ လင်းလွန်းပင်အုပ်စု၊ သင်တောမြောင်ကျေးရွာ၌ (၃၁-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်အိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု(၃)စု၊ လူဦးရေ (၁၇) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၃၅၇၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၈၀ဝဝဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၅၇၀ဝိ/-) ကျပ်တို့ကို (၂-၆-၂၀၂၀)ရက်နေ့၊ (၁၄:၃၀)နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_jun2020 Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၆-၂၀၂၀)ရက်နေ့၊ (၁၅:၃၀)နာရီ အချိန်တွင် သရက်ခရိုင်၊ သရက်မြို့နယ်၊ ကျဦးကျေးရွာအုပ်စု၊ ကျဦးကျေးရွာတွင် လေပြင်းတိုက်ခတ် မှုကြောင့် လူနေအိမ်(၁)လုံး၊ လေဘေးသင့်ခဲ့ပြီး အဆိုပါလေဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာထောက်ပံ့ငွေ (၈,၄၀ဝိ/-) ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀,၀၀ဝိ/-) ကျပ်၊ ရန်ပုံငွေစုစုပေါင်း(၃၈,၄၀ဝိ/-) ကျပ်အား (၂-၆-၂၀၂၀)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် သရက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ ဘေးသင့်ပြည်သူလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : … Read more









