သောက်သုံးရေဖြန့်ဝေမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်ဦးစီးမှူး၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြန်ဆက်တို့နှင့်အတူ (၅-၆-၂၀၂၀)ရက်နံနက်(၁၁:၀၀)နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ ဝမ်‌ဟွေရပ်ကွက်ရှိ အိမ်ထောင်စု များအတွက် သောက်သုံးရေ ဂါလန် (၁၂၀၀)ပါရေကား(၁)စီးနှင့် မွန်းလွဲ(၁:၀၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ ကွက်သစ်ရပ်ကွက်ရှိ အိမ်ထောင်စုများအတွက် သောက်သုံးရေဂါလန် (၁၂၀၀)ပါရေကား (၁)စီးတို့အား သွားရောက်ဖြန့်ဝေပေး ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_drg
#shn_jun2020

Sign Up

Upcoming Events