
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၆-၂၀၂၀) ရက်နေ့တွင် ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၂)အုပ်စု (အင်းကြီး၊ကုန်းကြီး)၊ ကျေးရွာခွဲ(၃)ရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၁၀) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၂၀,၀၀ဝိ/-) ကျပ်၊ လူဦးရေ (၄၄)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ထောက်ပံ့ဖိုးငွေ (၉၂,၄၀ဝိ/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၄၁၂၄၀ဝိ/-) ကျပ်ကို ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ (၅-၆-၂၀၂၀)ရက်နေ့၊(၁၃:၀၀) နာရီတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: : ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#ayy_jun2020