လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ မလတ်တိုကျေးရွာအုပ်စု၊ အဒိတ်ကျေးရွာ၌ (၄-၆-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးခဲ့သူ(၁)ဦးအတွက် ကယ်ဆယ်ရေးရန်ပုံငွေ (၃၀၀၀၀ဝိ/-) တိတိအား (၄-၆-၂၀၂၀) ရက်နေ့၊ (၁၂:၁၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများရှေ့မှောက်၌ မိုးကြိုးဘေးသင့်ပြည်သူ၏မိသားစုဝင်ထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)