လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂-၆-၂၀၂၀)ရက်နေ့၊ (၁၇:၃၀) နာရီအချိန်တွင် ပေါင်းတည်မြို့နယ်၊ ပျဉ်ပုံကျေးရွာအုပ်စုနှင့် ရွာသစ်ကြီးကျေးရွာအုပ်စုတို့၌ ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် အမိုးလန်နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀,၀၀၀/-)ကျပ်၊ ပြိုလဲနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၂၈,၄၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စာ တို့အား (၅-၆-၂၀၂၀)ရက်နေ့၊ (၁၁:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူ များနှင့်အတူ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: : ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#bgo_jun2020

Sign Up

Upcoming Events