လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၆-၂၀၂၀)ရက်နေ့၊(၁၅:၀၀)နာရီအချိန်၌ သရက်ခရိုင်၊ ကံမမြို့နယ်၊ ကညင်တိုင်း ကျေးရွာအုပ်စု၊ လဲလူကုန်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၅)လုံး ပြိုကျပျက်စီးခဲ့ပြီး အိမ်ထောင်စု(၅)စု၊ လူဦးရေ(၂၁)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀၀၀၀၀/-) ရန်ပုံငွေစုစုပေါင်း(၅၀၀၀၀၀/-)အား (၅-၆-၂၀၂၀)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ကံမမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အုပ်ချုပ် ရေးမှူးများရှေ့မှောက် တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_ sgw
#mgy_jun2020