Latest News
-
COVID 19 အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၆-၂၀၂၀) ရက် နေ့တွင် တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ ခတ္တိယကျေးရွာ၊ အကလကျေးရွာ၊ ကသပေါင်းကျေး ရွာ၊ ကျွဲကျွဲဒရွတ်ကျေးရွာ၊ ကရင်ချောင်ကျေးရွာ၊ ခနောင်ထိန်တပင်ကျေးရွာ၊ စာဖြူစုကျေးရွာ၊ ရေ တွင်းကုန်းကျေးရွာတို့တွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သောအသိပေးကြေငြာချက်များအား အရာထမ်း/အမှုထမ်းများမှ ရပ်ကွက်များအတွင်း အသိပေး ကြော်ငြာခြင်းများ ပြုလုပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #ygn_jun2020 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေကူမြို့နယ်၊ မြို့လှမြို့၊ အမှတ်(၃)ရပ်ကွက်၌ (၁-၆-၂၀၂၀) ရက်နေ့တွင် မီးလောင်ကျွမ်းမှုကြောင့် အိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦးတို့အတွက် အိမ်ဆောက်တန်ဖိုးငွေ (၁၀၀၀၀၀) ကျပ်၊ လူ(၁)ဦးလျှင်(၂၁၀၀)ကျပ်နှုန်းဖြင့် (၇)ရက်စာဆန်ဖိုးငွေ (၈၄၀၀)ကျပ် နှင့်ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးတို့အား မြို့လှမြို့ အမှတ်(၃)ရပ်ကွက်၌ (၃-၆- ၂၀၂၀)ရက်နေ့ နေ့လည် (၁၂းဝဝ)နာရီအချိန်တွင် ဘေးသင့်ပြည်သူထံလက်ဝယ် အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #kcn_jun2020 Source: ရွှေကူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သံတောင်ကြီးမြို့နယ်အတွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးနှင့် လေပြင်းဘေးသင့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ကျေးမင်းကျေးရွာအုပ်စု၊ မစအောက်ကျေးရွာ၌ (၂၇-၅-၂၀၂၀) ရက်နေ့၊ နေ့လည် (၂၂:၀၀) နာရီအချိန်တွင် မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀)ကျပ်နှင့် လိပ်သိုမြို့၊ အလယ်ချောင်းကျေးရွာအုပ်စု၊ အလယ်ချောင်း(အောက်)ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် သေဆုံးခဲ့သူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀)ကျပ်ကိုလည်းကောင်း၊ သံတောင်ကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၌ (၂၉-၅-၂၀၂၀) ရက်နေ့၊ (၂၁:၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မြေပြိုမှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၅၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ(၈၄၀၀) ကျပ်ကိုလည်းကောင်း၊ သံတောင်ကြီးမြို့၊ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၆-၂၀၂၀)ရက်နေ့၌ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ကုလားမကျေးရွာအုပ်စု၊ စခန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် အမိုးလန် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)ကျပ်အား (၃-၆-၂၀၂၀)ရက်နေ့ (၁၅:၀၀)အချိန်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_ sgw #mgy_jun2020
-
COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၆-၂၀၂၀)ရက်နေ့ (ဝ၈:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန်ထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူ များဖြင့်ပူးပေါင်း၍ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသည့် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်း ယာဉ်ဝင်/အထွက် အတွက် စီးနင်းလိုက်ပါ လာသော ခရီးသည်များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပြည်ပမှ ပြန်လာသူ များအား စာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_jun2020
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပြန်ဆက်၊ မြို့နယ်မီးသတ်၊ မြို့နယ်စည်ပင်ဌာနတို့နှင့်အတူ (၃-၆-၂၀၂၀) ရကနေ့ ညနေ (၀၄:၃၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ ကွက်သစ်ရပ်ကွက်ရှိ အိမ်ထောင်စု(၂၀၀) စုတို့အတွက် သောက်သုံးရေ ဂါလန် (၁၂၀၀) ပါ ရေကား(၁) စီးအား သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ပါ ကြောင်းသတင်းရရှိပါသည်။ #ha_drg #shan_jun2020 Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)









