မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်ရှိ ယာယီ IDPs စခန်းများရှိ အိမ်ထောင်စုများအတွက် စားနပ်ရိက္ခာ(၁)လစာ ထောက်ပံ့ပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၆-၂၀၂၀) ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးနှင့်အတူလိုက်ပါလျက် တနိုင်းမြို့နယ်ရှိ ယာယီ IDPs စခန်းများဖြစ်သော KBC၊ RC၊ COC၊ AG ဘုရားကျောင်းများ၌ နေထိုင်ကြသည့်တိုက်ပွဲရှောင် အိမ်ထောင်စု(၃၅၄)စု၊ လူဦးရေ(၁၅၉၃)ဦးတို့အား ဆန်(၄၉၇)အိတ် (၁၈)ပြည်၊ ဆီ(၇၀၈)ပိဿာ၊ ပဲ(၇၀၈)ပိဿာ၊ ဆား(၃၅၄)ပိဿာတို့အား ပြည်သူများလက်ဝယ်အရောက် သွားရောက်ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#kcn_jun2020
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events