လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၆-၂၀၂၀) ရက်နေ့တွင် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်ရှိ တနိုင်း KBC၊ တနိုင်း RC စခန်းများရှိ အိမ်ထောင်စုများအတွက် ဆပ်ပြာ(၉၅၂)ခဲ၊ ထုံး(၂၀)အိတ်၊ လက်သန့်ဆေးရေ(၄၀)ဘူး၊ အပူချိန်တိုင်းကိရိယာ(၂)ခု၊ Hand Speaker (၂)ခု၊ Memory Stick (၂)ခု၊ Mask (၁၂၉၈)ခု၊ နှာခေါင်းစည်းတပ်ဆင်နည်း အသိပညာပေးဗွီနိုင်းပိုစတာ(၂)ခုတို့အား သွားရောက်ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)