မိုးကြိုးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၆-၆-၂၀၂၀)ရက်နေ့၊ (၁၆း၀၀) နာရီအချိန်တွင် မြင်းခြံမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စု၊ မြောက်ကျွန်းကျေးရွာ၌ သလင်းတွင် နေလှမ်းထားသော နှမ်းများ မိုးမိမည်စိုးသဖြင့် နှမ်းများခါ၍ ရုပ်သိမ်းစဥ် မိုးကြိုးပစ်ခံရပြီး (၃)ဦးသေဆုံး၊ (၁)ဦးဒဏ်ရာ ရရှိခဲ့သည့်အတွက် သေဆုံး(၃)ဦး ထောက်ပံ့ငွေ(၉၀၀,၀၀၀ိ/-) ကျပ်၊ ဒဏ်ရာရ(၁)ဦးထောက်ပံ့ငွေ(၅၀,၀၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၉၅၀,၀၀၀ိ/-) ကျပ်အား (၇-၆-၂၀၂၀)ရက်နေ့တွင် မြင်းခြံ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ကျေးရွာအုပ်ချုပ် ရေးမှူးတို့နှင့်အတူ ဘေးသင့် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: : မြင်းခြံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_tls
#mdy_jun2020

Sign Up

Upcoming Events