မင်းဘူးမြို့၊ အဝိုင်းပတ်၌ COVID-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၇-၆-၂၀၂၀) ရက်နေ့၊ (ဝ၇:၀၀) နာရီမှ (၀၉:၀၀) နာရီအချိန်ထိ COVID-19 ကူးစက်ရောဂါကာကွယ်ရေးအတွက် မင်းဘူးမြို့၊ အဝိုင်းပတ်၌ ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိဘဲ ယာဉ်များဖြင့် စီးနင်းလိုက်ပါလာသော ခရီးသွားပြည်သူများအား ဒဏ်ငွေပေးဆောင်စေပြီး Mask တပ်ဆင်စေခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#mgy_jun2020
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events