Category Archives: News
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မိုင်းဖြတ်မြို့နယ်၊ ဝမ်ဟွေရပ်ကွက်ရှိ အိမ်ထောင်စု (၁၆၄)စုတို့အတွက် သောက်သုံးရေဂါလန် (၁၂၀၀)ပါ ရေကားတစ်စီးအား (၂-၆-၂၀၂၀) ရက်နေ့၊ နံနက်(၀၉း၀၀) အချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပြန်ဆက်ဦးစီးမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်တိကုဦးစီးမှူးတို့နှင့်အတူ သွားရောက်ဖြန့်ဝေ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #shn_jun2020
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၈-၅-၂၀၂၀) ရက်နေ့ မိုင်းဆတ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သောလေပြင်းဘေးကြောင့် နားလောင်းကျေးရွာတွင် အမိုးလန်အိမ်ခြေ (၃)လုံးနှင့် မယ်ကော် (၂)ကျေးရွာတွင် အမိုးလန်အိမ်ခြေ (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေ (၃၈၃၀၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး အိမ်ထောင်စု (၂) စုစာအား (၁-၆-၂၀၂၀)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #shn_jun2020 Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
တိုင်းဒေသကြီး/ပြည်နယ်အချို့တို့တွင် လေပြင်းများတိုက်ခတ်၊ ထောက်ပံ့ကူညီမှုများ ဆောင်ရွက် လျက်ရှိမှုသတင်း
ဇွန်လ ၁ ရက်၊ နေပြည်တော် မြန်မာနိုင်ငံတွင် ယခုကာလအတွင်း၌ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း များဖြစ်ပွားလျက်ရှိရာ (၃၀-၅-၂၀၂၀)ရက်နေ့နှင့် (၃၁-၅-၂၀၂၀)ရက်နေ့တို့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ၊ အောင်လံ၊ ပေါက်၊ ရေနံချောင်း၊ မကွေးမြို့နယ်တို့၌ နေအိမ်(၃)လုံးပြိုကျပျက်စီးပြီး နေအိမ်(၁၆၃)လုံးနှင့် ဘာသာရေးအဆောက်အဦ(၂)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၌ နေအိမ်(၁)လုံးအမိုးအကာလန် ပျက်စီးခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို၊ ဝက်လက်နှင့် မြောင်မြို့နယ်တို့၌ နေအိမ်(၁)လုံးပြိုကျ ပျက်စီးပြီး နေအိမ်(၄)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး COVID-19 ကာလ ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရွက်ရာတွင် ပုံစံသစ်ဖြင့် အလေ့အထဖြစ်အောင် ကြိုးစားဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေး
~~~~~~ Source: MOSWRR ~~~~~~ ဇွန်လ ၁ ရက်၊ နေပြည်တော် ~~~~~~ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများအားလုံး COVID-19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ရန်နည်းလမ်းများကို အပြည့်အဝလိုက်နာနိုင်ရေးနှင့် တာဝန်များ ကျေပွန်အောင်ဆောင်ရွက်နိုင်ရေးတို့ကို (၁-၆-၂၀၂၀) ရက်နေ့၊ မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးရုံးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဝန်ထမ်းများအား Video Conference ဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ယနေ့မှစ၍ ဝန်ထမ်းအင်အားကို ရာခိုင်နှုန်းအပြည့် ပြန်လည်တာဝန်ထမ်းဆောင်ကြပြီဖြစ်ရာ COVID-19 … Read more
-
ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ IDP စခန်းများနှင့် ယာယီတိုက်ပွဲရှောင်စခန်းများ၌ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
ဇွန် ၁၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင်နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများ အား COVID – 19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်း များကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။ ယနေ့တွင် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်ရှိ (၃) ရပ်ကွက် ကာသိုလိပ် ဘုရားကျောင်း၊ ကာလိုင် (၁) နှင့် ကာလိုင် (၂) စုစုပေါင်း IDP စခန်း … Read more
-
COVID-19ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁-၆-၂၀၂၀)ရက်နေ့ (ဝ၈:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန်ထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများဖြင့်ပူးပေါင်း၍ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွါးလျက်ရှိသည့် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်း ယာဉ်ဝင်/ထွက် အတွက် စီးနင်းလိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_jun2020
-
လေဘေးသင့်ပြည်သူနှင့် မိုးကြိုးဘေးသင့်ပြည်သူအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၅-၂၀၂၀)ရက်နေ့၊(၃၀-၅-၂၀၂၀)ရက်နေ့နှင့်(၃၁-၅-၂၀၂၀)ရက်နေ့တို့တွင် သာပေါင်းမြို့နယ်၊ ဇီးဖြူကွင်းကျေးရွာအုပ်စု၊ ကွမ်းသီးခြံကျေးရွာ၊ ရွှေညောင်ပင်ကျေးရွာအုပ်စု၊ ရေကျော်လေးကျေးရွာ၊ ကျီးပင် ကျေးရွာအုပ်စု၊ ကြွက်ကျွန်းကျေးရွာ၊ အနောက်စုကျေးရွာ၊ ဒရယ်ကူးကျေးရွာ၊ ရသေ့ကုန်းကျေးရွာ၊ ထန်းတပင်ကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာ၊ ပျဉ်းမထူံးကျေးရွာအုပ်စု၊ သူဌေးစမ်းကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၃)လုံး၊ အမိုးလန်ပျက်စီးအေိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၅၀၀၀ဝ/-)ကျပ်၊ လူဦးရေ(၄၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၀၀၈၀ဝ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ(၇၅၀၈၀ဝ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁) အိမ်ထောင်စာ(၁၀၄၂၅၉/-)နှင့် မိုးကြိုးဘေးအတွက် ကယ်ဆယ်ရေးရန်ပုံငွေ (၃၀၀၀၀၀ိ/-)အား (၁-၆-၂၀၂၀) ရက်နေ့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၅-၂၀၂၀)ရက်နေ့တွင် မိတ္ထီလာမြို့နယ်ရုံးတောအုပ်စု၊ ကန်တောင်အုပ်စု၊ ကွက်ငယ်အုပ်စု၊ ဂဠုန်ကုန်းအုပ်စုနှင့် နန်းတော်ကုန်းရပ်ကွက် နယ်မြေ(၇)တို့တွင် ဖြစ်ပွားခဲ့သောလေဘေးသင့် အမိုးလန်အိမ်(၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၅၂၅၈၀၀)ကျပ်၊ လူဉီးရေ(၃၃)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၆၉၃၀၀)ကျပ်တို့ကို (၁-၆-၂၀၂၀)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mdy_jun2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၃၁-၅-၂၀၂၀)ရက်နေ့၊(၀၃း၀၀) နာရီအချိန်တွင် လေပြင်းဘေးတိုက်ခတ်မှုကြောင့် ရေစကြိုမြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ပေါင်း(၂၀)တို့တွင် လူနေအိမ်ပြိုကျပျက်စီး(၃)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး လူနေအိမ်(၁၁၃)လုံး၊ ဘုန်းကြီးကျောင်း(၁)ကျောင်းနှင့် လူဦးရေ(၅၀၆)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ အိမ်ထောင်စု(၃)စုစာ၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁,၀၆၂,၆၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၃,၄၁၃,၅၀၀/-) ကျပ်၊စုစုပေါင်း (၄,၄၇၆,၁၀၀) ကျပ်အား (၁-၆-၂၀၂၀)ရက်နေ့၊ (၁၅:၀၀) အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများလက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : ရေစကြိုမြို့နယ်ဦးစီးမှူးရုံး … Read more
-
လေဘေး ထောက်ပံ့ခြင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ ကျေးရွာအုပ်စု(၆)၊ ကျေးရွာ(၆)ရွာတို့တွင် (၃၁-၅-၂၀၂၀) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေ (၁၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၂၅၀၀၀) ကျပ်၊ လူဦးရေ (၄၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၉၀၃၀၀)ကျပ်၊ စုစုပေါင်း(၆၁၅၃၀၀)ကျပ် တို့အား ၁-၆-၂၀၂၀ ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_jun2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)









