Category Archives: News
-
အမျိုးသမီးကလေးများသင်တန်းကျောင်း (ထောက်ကြန့်)သင်တန်းသူများအားတွေ့ဆုံခြင်းနှင့် New Light Foundationကတည်ထောင်ထားသော New World Therapeutic Training Center တွင် မသန်စွမ်းပြုစုစောင့်ရှောက်ရေးဆိုင်ရာလူမှုအဖွဲ့အစည်းများနှင့် မသန်စွမ်းဆိုင်ရာသုတေသနလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး
ရန်ကုန်၊ ဒီဇင်ဘာ (၃၁) “အခြေခံလူ့အခွင့်အရေးဒီမိုကရေစီစံနှုန်းများနှင့်ညီညွတ်သောလူ့ဂုဏ်သိက္ခာအပြည့်အဝရရှိနိုင်မည့် လူမှုအသိုက်အဝန်းဖြစ်ရပ်ပေါ်ပေါက်လာစေရေးနှင့် အားလုံးအကျုံးဝင်ပြီးရေရှည်တည်တံ့မှုရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများဖြင့် ပြည်သူလူထုလွတ်လပ်လုံခြံုစွာဖွံ့ဖြိုးတိုးတက်ရေး” ကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကဆောင်ရွက်လျက်ရှိပါကြောင်း၊ ဤသင်တန်းကျောင်းမှ သင်တန်းသူများကိုမိမိတို့ဘဝမိမိတို့ကိုယ်တိုင်ရပ်တည်နိုင်သည့် အသက်မွေးဝမ်းကြောင်းဆိုင်ရာပညာရပ်များရရှိသွားပြီးလူမှုအသိုက်အဝန်းတွင် ပြန်လည်ဝင်ဆံ့နိုင်သည့် အခြေအနေရောက်အောင် လေ့ကျင့်ပြုစုစောင့်ရှောက်ပေးစေလိုကြောင်းလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကထောက်ကြန့်အမျိုးသမီးကလေးများသင်တန်းကျောင်းမှ သင်တန်းဆရာမများအားမှာကြားပြီးအစောင့်ရှောက်ခံသင်တန်းသူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ ၎င်းတို့၏ လိုအပ်မှုတင်ပြချက်များကိုဆွေးနွေးဖြေရှင်းပေးခဲ့ပါသည်။ ထို့်နောက်မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြောက်ဒဂုံမြို့နယ်ရှိ New Light Foundationကတည်ထောင်ထားသောNew World Therapeutic Training Centerတွင် မသန်စွမ်းကလေးငယ်များ၊ သင်တန်းကျောင်းဆရာ/ဆရာမများ၊ မိဘများ၊ မသန်စွမ်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီးလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မသန်စွမ်းအဖွဲ့များပူးပေါင်း၍ မသန်စွမ်းမှုဆိုင်ရာသုတေသနလုပ်ငန်းများဆောင်ရွက်ရန် … Read more
-
DAN Mobile Application ဖြန့်ဝေဆောင်ရွက်နေမှုသတင်း
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ) ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၂-၂၀၁၆) နေ့ တွင် သရက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ လစဉ်အစည်းအဝေးတွင် သဘာဝဘေးအန္တရာယ်ကြိုတင် သတိပေးချက်များ ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုဆိုင်ရာ သတင်းအချက် အလက်ကောက်ယူရေးအတွက် DAN & KOBO Mobileapplication ထည့်သွင်းနိုင်ရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
-
DAN Mobile Application ဖြန့်ဝေဆောင်ရွက်နေမှုသတင်း
Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ) ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၂-၂၀၁၆) နေ့ နံနက် (၁၀) နာရီအချိန်တွင် မော်လိုက်မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ ဝန်ထမ်းများ ရပ်/ကျေး စာရေးများနှင့် ကျေးရွာအုပ်ချူပ်ရေးမှူးများအား သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အသုံးပြုနိုင်ရန်အတွက် DAN app နှင့် KoBocollect app အသုံးပြုပုံ အကြောင်းများကိုဟောပြောဆွေးနွေးခဲ့ပြီး ၄င်း app များထည့်သွင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
DAN Mobile Application ဖြန့်ဝေဆောင်ရွက်နေမှုသတင်း
Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ထားဝယ်မြို့နယ်ရပ်/ကျေးအစည်းအဝေးတွင် (၃၀-၁၂-၂၀၁၆) ရက်နေ့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်များအား ပြည်သူများသိရှိနိုင်စေရန် DAN Mobile Application နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဒီမိုကရေစီ-ပြောင်းလဲနိုင်စွမ်းရှိသော အမျိုးသမီးများ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပမှုသတင်း
Source: MSWRR နေပြည်တော်၊ ဒီဇင်ဘာ (၃၀) ပြည်သူ့အစိုးရအဖွဲ့သစ်အနေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီကိုမူဝါဒသစ်များချမှတ်ပြီး အမျိုးသမီးများအခွင့်အရေး အပြည့်အဝရရှိရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေးကိုဦးတည် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအေးချမ်း လုံခြုံစွာလက်တွဲနေထိုင်မယ့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ် လာ စေရေးဆောင်ရွက်လျက်ရှိရာ ပြည်တွင်းငြိမ်းချမ်းရေးကိုအဓိကဖော်ဆောင်ရမှာဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများရဲ့ အခန်းကဏ္ဍကိုထည့်သွင်း ဆောင်ရွက်ခြင်းသည် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးပန်းတိုင်ကိုရရှိဖို့ အထောက်အကူ ဖြစ်စေကြောင်း ယနေ့နံနက်ပိုင်းက နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပပြု လုပ်သော ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဒီမိုကရေစီ-ပြောင်းလဲနို်င်စွမ်းရှိသော အမျိုးသမီးများညှိနှိုင်းဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စု … Read more
-
DAN Mobile Application ဖြန့်ဝေခြင်းဆောင်ရွက်နေမှုသတင်း
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ) မှ တာဝန်ရှိသူများသည် ပုသိမ်မြို့ပေါ်ရှိ ဖုန်းအရောင်းဆိုင်များတွင် (၃၀-၁၂-၂၀၁၆) ရက်နေ့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်များအား ပြည်သူများသိရှိနိုင်စေရန် DAN Mobile Application ကို ဖုန်း Software လာရောက်သွင်းသူများထံသို့ဖြန့်ဝေပေးစေခြင်း၊ ထည့်သွင်းအသုံးပြုနိုင်ရေး တိုက်တွန်းခြင်း၊ ကြော်ငြာစာစောင်များကို ဖုန်းအရောင်းဆိုင်များတွင် ကြော်ငြာကပ်ဖြန့်ဝေခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေး သင်တန်းပူးပေါင်းဆောင်ရွက်မှုသတင်း
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် သစ်တောသယံဇာတပတ်ဝန်းကျင်ဖွံဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း-FREDA နှင့်ပူးပေါင်း၍ သဘာဝဘေးလျော့ပါးရေးအသိပညာပေးသင်တန်းအား တိုးကျေးရွာ အထကခွဲ၌ (၂၆-၁၂-၂၀၁၆) ရက်မှ (၂၉-၁၂-၂၀၁၆) ရက်နေ့ထိ အောင်မြင်စွာပူးပေါင်းဆွေးနွေးဆောင်ရွက်နိုင်ခဲ့ပါသည်။ ထိုသင်တန်း၌ ဒေးဒရဲမြို့နယ် တိုးကျေးရွာအုပ်စုအတွင်းရှိ လူငယ် (၂ဝ) ဦးတက်ရောက်ခဲ့ပြီး ရာသီဥတုပြောင်းလဲခြင်းအပေါ်လိုက်လျောညီထွေပြုပြင် နေထိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
သရက်မြို့နယ်၊ စမ်းအိုင့်ကျေးရွာတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၁၂-၂၀၁၆ ) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ စမ်းအိုင့်ကျေးရွာတွင် သဘာဝဘေး လျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီးသဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် သတင်းများ၊ မိုးလေဝသသတင်းများ၊ အရေးပေါ်ဖုန်းနံပါတ်များ၊ ပညာပေးကဏ္ဍ လက်ကမ်း စာစောင် များပါဝင်သည့် DAN application အကြောင်းရှင်းလင်းပြောကြား၍ share ပြုလုပ်ပေးပြီး လက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက်ထုပ်များ ဝေငှပေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ စုစုပေါင်းအင်အား (၂၀၀) ခန့်တက်ရောက်ခဲ့ပါကြောင်းသိရှိရပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကျောက်မဲမြို့နယ်၊ ညောင်မောင်းကျေးရွာအုပ်စု၊ ညောင်မောင်းရွာအနီး တပ်မတော်စစ်ကြောင်းနှင့် TNLA ပလောင်လက်နက်ကိုင်အဖွဲ့တို့ ထိတွေ့မှုကြောင့် သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ညောင်မောင်းကျေးရွာအုပ်စု၊ ညောင်မောင်းရွာအနီး တပ်မတော်စစ်ကြောင်းနှင့် TNLA ပလောင်လက်နက်ကိုင်အဖွဲ့တို့ ထိတွေ့မှုကြောင့် (၃) ဦးသေဆုံးခဲ့ပြီး (၇) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ အဆိုပါသေဆုံးသူ (၃) ဦးအတွက် သေဆုံးသူ (၁) ဦးလျှင်ထောက်ပံ့ငွေ (၃) သိန်းစီဖြင့် (၉) သိန်းနှင့် ဒဏ်ရာရရှိသူ (၇) ဦးအတွက် (၁) ဦးလျှင် ထောက်ပံ့ငွေ (၁) သိန်းစီဖြင့် (၇) သိန်း၊ ထောက်ပံ့ငွေစုစုပေါင်း (၁၆) သိန်းတိတိကို ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် နမ္မတူမြို့နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် ဖြစ်ပွားသော တိုက်ပွဲများကြောင့် လားရှိုးမြို့၊ ပြည်သူ့ဆေးရုံကြီး တွင် ဆေးရုံတက်ရောက်နေသည့် လူနာ ကျား (၂) ဦးနှင့် မ (၃) ဦး စုစုပေါင်း (၅) ဦးအတွက် တစ်ဦးလျှင် (၁) သိန်းကျပ်နှုန်းဖြင့် စုစုပေါင်း (၅) သိန်းကျပ်အား (၃၀-၁၂-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ ကြောင်း သိရှိရပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)









