Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၂-၂၀၁၆) နေ့ တွင် သရက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ လစဉ်အစည်းအဝေးတွင် သဘာဝဘေးအန္တရာယ်ကြိုတင် သတိပေးချက်များ ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုဆိုင်ရာ သတင်းအချက် အလက်ကောက်ယူရေးအတွက် DAN & KOBO Mobileapplication ထည့်သွင်းနိုင်ရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။