Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၂-၂၀၁၆) နေ့ နံနက် (၁၀) နာရီအချိန်တွင် မော်လိုက်မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ ဝန်ထမ်းများ ရပ်/ကျေး စာရေးများနှင့် ကျေးရွာအုပ်ချူပ်ရေးမှူးများအား သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အသုံးပြုနိုင်ရန်အတွက် DAN app နှင့် KoBocollect app အသုံးပြုပုံ အကြောင်းများကိုဟောပြောဆွေးနွေးခဲ့ပြီး ၄င်း app များထည့်သွင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။