ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဒီမိုကရေစီ-ပြောင်းလဲနိုင်စွမ်းရှိသော အမျိုးသမီးများ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပမှုသတင်း

Source: MSWRR
နေပြည်တော်၊ ဒီဇင်ဘာ (၃၀)

ပြည်သူ့အစိုးရအဖွဲ့သစ်အနေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီကိုမူဝါဒသစ်များချမှတ်ပြီး အမျိုးသမီးများအခွင့်အရေး အပြည့်အဝရရှိရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေးကိုဦးတည် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအေးချမ်း လုံခြုံစွာလက်တွဲနေထိုင်မယ့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ် လာ စေရေးဆောင်ရွက်လျက်ရှိရာ ပြည်တွင်းငြိမ်းချမ်းရေးကိုအဓိကဖော်ဆောင်ရမှာဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများရဲ့ အခန်းကဏ္ဍကိုထည့်သွင်း ဆောင်ရွက်ခြင်းသည် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးပန်းတိုင်ကိုရရှိဖို့ အထောက်အကူ ဖြစ်စေကြောင်း ယနေ့နံနက်ပိုင်းက နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပပြု လုပ်သော ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဒီမိုကရေစီ-ပြောင်းလဲနို်င်စွမ်းရှိသော အမျိုးသမီးများညှိနှိုင်းဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးကပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ ပြည်သူလူထုရဲ့ အသံအားလုံးပါဝင် ရန် နိုင်ငံတော်အစိုးရ၊ လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီအဖွဲ့အစည်းများက လူထုအစည်းအဝေးပွဲများကျင်းပ ဖို့ ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းစဉ်များဆောင်ရွက်ရာမှာ ပဋိပက္ခကိုဆန်းစစ် သုံးသပ်ရန်လိုအပ်ပြီးအကြမ်းဖက်မှုနှင့် မလုံခြုံမှုများကိုလူမှုရေးရှုထောင့်က ထည့်သွင်းစဉ်းစားဖို့ အရေးကြီးကြောင်း၊ အမျိုးသမီးနဲ့ အမိိျုးသမီးငယ်ရွယ်များအတွက် ကာကွယ် စောင့်ရှောက်မှု အစီအစဉ်များကိုအသင့်ပြင်ဆင်ထားပြီးအထူးစီမံချက်များနှင့် ပွင့်လင်းမြင်သာစွာဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တလျှောက်လုံးရဲ့ အဆင့်တွေဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေးညှိနှိုင်းဆွေးနွေးပွဲ များ၊ နိုင်ငံရေးစကားဝိုင်းများ၊ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေးအထောက်အကူပြုဖွံ့ဖြိုး ရေးကဏ္ဍများမှာအမျိုးသမီးများရဲ့ပါဝင်မှု၊ ဆောင်ရွက်မှုများကိုလည်း နိုင်ငံတော်အစိုးရကအားပေးသလိုအမျိုးသမီးအင်အားစုများကပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့ တိုက်တွန်းပြောကြားပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ UN နှင့် INGO အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များမှာအမျိုးသမီးများပါဝင်မှုအတွက် အားသာချက်နှင့်စိန်ခေါ်မှုများ၊ ပဋိပက္ခအခြေအနေများတွင် ဖြစ်ပေါ်လေ့ ရှိသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းနှင့်ကြိုတင်ကာကွယ်ရေး အစီအစဉ်များ၊ အကြမ်းဖက်မှု ကြုံတွေ့ခံစားရသည့် အမျိုးသမီးများအတွက် ကာကွယ်စောင့်ရှောက်မှုနဲ့ ပဋိပက္ခအလွန် ပြန်လည်ထူထောင်ရေးနှင့် အမျိုးသမီးများရဲ့ အခန်းကဏ္ဍများကို ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events