လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၁၂-၂၀၁၆ ) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ စမ်းအိုင့်ကျေးရွာတွင် သဘာဝဘေး လျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီးသဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် သတင်းများ၊ မိုးလေဝသသတင်းများ၊ အရေးပေါ်ဖုန်းနံပါတ်များ၊ ပညာပေးကဏ္ဍ လက်ကမ်း စာစောင် များပါဝင်သည့် DAN application အကြောင်းရှင်းလင်းပြောကြား၍ share ပြုလုပ်ပေးပြီး လက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက်ထုပ်များ ဝေငှပေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ စုစုပေါင်းအင်အား (၂၀၀) ခန့်တက်ရောက်ခဲ့ပါကြောင်းသိရှိရပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)