ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ညောင်မောင်းကျေးရွာအုပ်စု၊ ညောင်မောင်းရွာအနီး တပ်မတော်စစ်ကြောင်းနှင့် TNLA ပလောင်လက်နက်ကိုင်အဖွဲ့တို့ ထိတွေ့မှုကြောင့် (၃) ဦးသေဆုံးခဲ့ပြီး (၇) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ အဆိုပါသေဆုံးသူ (၃) ဦးအတွက် သေဆုံးသူ (၁) ဦးလျှင်ထောက်ပံ့ငွေ (၃) သိန်းစီဖြင့် (၉) သိန်းနှင့် ဒဏ်ရာရရှိသူ (၇) ဦးအတွက် (၁) ဦးလျှင် ထောက်ပံ့ငွေ (၁) သိန်းစီဖြင့် (၇) သိန်း၊ ထောက်ပံ့ငွေစုစုပေါင်း (၁၆) သိန်းတိတိကို ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက (၂၈-၁၂-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)