အမျိုးသမီးကလေးများသင်တန်းကျောင်း (ထောက်ကြန့်)သင်တန်းသူများအားတွေ့ဆုံခြင်းနှင့်  New Light Foundationကတည်ထောင်ထားသော New World Therapeutic Training Center တွင် မသန်စွမ်းပြုစုစောင့်ရှောက်ရေးဆိုင်ရာလူမှုအဖွဲ့အစည်းများနှင့် မသန်စွမ်းဆိုင်ရာသုတေသနလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

 

01-pic-01

ရန်ကုန်၊ ဒီဇင်ဘာ (၃၁)

“အခြေခံလူ့အခွင့်အရေးဒီမိုကရေစီစံနှုန်းများနှင့်ညီညွတ်သောလူ့ဂုဏ်သိက္ခာအပြည့်အဝရရှိနိုင်မည့် လူမှုအသိုက်အဝန်းဖြစ်ရပ်ပေါ်ပေါက်လာစေရေးနှင့် အားလုံးအကျုံးဝင်ပြီးရေရှည်တည်တံ့မှုရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများဖြင့် ပြည်သူလူထုလွတ်လပ်လုံခြံုစွာဖွံ့ဖြိုးတိုးတက်ရေး” ကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကဆောင်ရွက်လျက်ရှိပါကြောင်း၊ ဤသင်တန်းကျောင်းမှ သင်တန်းသူများကိုမိမိတို့ဘဝမိမိတို့ကိုယ်တိုင်ရပ်တည်နိုင်သည့် အသက်မွေးဝမ်းကြောင်းဆိုင်ရာပညာရပ်များရရှိသွားပြီးလူမှုအသိုက်အဝန်းတွင် ပြန်လည်ဝင်ဆံ့နိုင်သည့် အခြေအနေရောက်အောင် လေ့ကျင့်ပြုစုစောင့်ရှောက်ပေးစေလိုကြောင်းလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကထောက်ကြန့်အမျိုးသမီးကလေးများသင်တန်းကျောင်းမှ သင်တန်းဆရာမများအားမှာကြားပြီးအစောင့်ရှောက်ခံသင်တန်းသူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ ၎င်းတို့၏ လိုအပ်မှုတင်ပြချက်များကိုဆွေးနွေးဖြေရှင်းပေးခဲ့ပါသည်။

ထို့်နောက်မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြောက်ဒဂုံမြို့နယ်ရှိ New Light Foundationကတည်ထောင်ထားသောNew World Therapeutic Training Centerတွင် မသန်စွမ်းကလေးငယ်များ၊ သင်တန်းကျောင်းဆရာ/ဆရာမများ၊ မိဘများ၊ မသန်စွမ်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီးလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မသန်စွမ်းအဖွဲ့များပူးပေါင်း၍ မသန်စွမ်းမှုဆိုင်ရာသုတေသနလုပ်ငန်းများဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေး ခဲ့ပါသည်။ပြည်ထောင်စုဝန်ကြီးသည် မသန်စွမ်းကလေးငယ်များ၏ နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲကျင်းပနေခြင်းကိုတက်ရောက်အားပေးခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events