Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် သစ်တောသယံဇာတပတ်ဝန်းကျင်ဖွံဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း-FREDA နှင့်ပူးပေါင်း၍ သဘာဝဘေးလျော့ပါးရေးအသိပညာပေးသင်တန်းအား တိုးကျေးရွာ အထကခွဲ၌ (၂၆-၁၂-၂၀၁၆) ရက်မှ (၂၉-၁၂-၂၀၁၆) ရက်နေ့ထိ အောင်မြင်စွာပူးပေါင်းဆွေးနွေးဆောင်ရွက်နိုင်ခဲ့ပါသည်။ ထိုသင်တန်း၌ ဒေးဒရဲမြို့နယ် တိုးကျေးရွာအုပ်စုအတွင်းရှိ လူငယ် (၂ဝ) ဦးတက်ရောက်ခဲ့ပြီး ရာသီဥတုပြောင်းလဲခြင်းအပေါ်လိုက်လျောညီထွေပြုပြင် နေထိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။