ထောက်ပံ့ငွေပေးအပ်မှုသတင်း

lashio-02ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်  နမ္မတူမြို့နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် ဖြစ်ပွားသော တိုက်ပွဲများကြောင့် လားရှိုးမြို့၊ ပြည်သူ့ဆေးရုံကြီး တွင် ဆေးရုံတက်ရောက်နေသည့် လူနာ ကျား (၂) ဦးနှင့် မ (၃) ဦး စုစုပေါင်း (၅) ဦးအတွက် တစ်ဦးလျှင် (၁) သိန်းကျပ်နှုန်းဖြင့် စုစုပေါင်း (၅) သိန်းကျပ်အား (၃၀-၁၂-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ ကြောင်း သိရှိရပါသည်။

Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events