Category Archives: News
-
Dan Mobile Application ထည့်ပေးခြင်းနှင့် စတစ်ကာ ကပ်ပေးခြင်းများ ဆောင်ရွက်နေမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁-၂၀၁၇) ရက်နေ့၌ မကွေး မြို့အတွင်းရှိ Mobile Phone အရောင်းစင်တာများတွင် ပြည်သူများ သဘာဝဘေး၊ မိုးလေဝသအခြေအနေနှင့် ကယ်ဆယ်ရေးသတင်းများ အချိန်နှင့်တပြေးညီ သိရှိနိုင်ရန်အတွက် DAN Mobile Application အသုံးပြုပုံ/အသုံးပြု နည်းလမ်းများအား လိုက်လံရှင်းပြခဲ့ပြီး စတစ်ကာများ ကပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အခြေခံသင်တန်းဖွင့်လှစ်မှုသတင်း
အင်္ဂလန်နိုင်ငံအစိုးရ၏ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဌာန (DFID-UK) ၏ ရန်ပုံငွေထောက်ပံ့ငွေနှင့်အတူ ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ပြန်လည် ထူထောင်ရေးအစီအစဉ် (UN-HABITAT) နှင့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးတို့ပူးပေါင်း၍ မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားအား (၉-၁-၂၀၁၇) ရက်နေ့တွင် လပွတ္တာမြို့နယ်၊ ရွေးနဒီခန်းမ၌ ကျင်းပခဲ့ရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလှရှောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လပွတ္တာခရိုင်ကယ်ဆယ်ရေးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာမှ သင်တန်းမိတ်ဆက် အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအား ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ (၂၅) ဦး၊ သင်တန်းသား (၃၅) ဦး၊ စုစုပေါင်း (၆၀) ဦးတက်ရောက်ခဲ့ပါသည်။ ၄င်းနောက် သင်ခန်းစာပို့ချခြင်းအား … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၇-၁-၂၀၁၇) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီကျော်ခန့်က မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရပ်ကွက် အကွက် (၅၁) တိုင်းရင်းဆေး တက္ကသိုလ်အနီးတွင် ဖြစ်ပွားသော မီးဘေးသင့်အိမ်ထောင်စု (၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆန်ရိက္ခာများအား မန္တလေးတိုင်း ဒေသကြီးကယ်ဆယ်ရေးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
DAN Mobile Application နှင့်ပတ်သက်၍ ဆောင်ရွက်နေမှုသတင်း
ပြည်ထောင်စုဝန်ကြီး လမ်းညွှန်ထားရှိချက်အား အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ကယ်ဆယ်ရေးဦးစီးဌာန (ရုံးချုပ်) မှ တာဝန်ရှိသူ များသည် (၅-၁-၂၀၁၇) နေ့တွင် ပြည်ထောင်စုဝန်ကြီး၏ ကယားပြည်နယ်၊ လွိုင်ကော်မြို့ ခရီးစဉ်တွင်လိုက်ပါ၍ ဝန်ကြီးဌာန၏ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု၊ မိုးလေဝသအခြေအနေ၊ ကယ်ဆယ်ကူညီထောက်ပံ့ရေးအခြေအနေများအားလုံးကို အချိန်နှင့်တစ်ပြေးညီ ပြည်သူများအားလုံး သိရှိနိုင်ရန်အတွက် DAN Mobile Application အသုံးပြုပုံများအား လွိုင်ကော်မြို့၊ ဒီမောဆိုးမြို့၊ ပင်လောင်းမြို့ပေါ်များရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်များအားသွားရောက်၍ ရှင်းလင်းပြသခဲ့ပြီး ဖုန်းဝယ်ယူသူများ၏ လက်ကိုင်ဖုန်းများအတွင်းသို့ ထည့်သွင်းပေးနိုင်ရန်အတွက် အဆို ပါ DAN Application အားဖြန့်ဝေပေးခြင်း၊ … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်ရှိ UN၊ INGOအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပွဲ
လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးနှင့်ဖွ့ံဖြိုးတိုးတက်ရေးလုပ်ငန်းများကိုစနစ်တကျဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက စစ်တွေမြို့ လေဆိပ်အစည်းအဝေးခန်းမတွင်ပြုလုပ်သော ရခိုင်ပြည်နယ်ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေး ကော်မတီအစည်းအဝေးတွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းများ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ယနေ့တွေ့ဆုံစဉ်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် မောင်တောဒေသ မြောက်ပိုင်းရှိကျေးရွာများသို့ သွားရောက်ခဲ့ပြီး ဒေသခံများ၏ ပညာရေး၊ ကျန်းမာရေးနှင့် စားဝတ်နေရေး အခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ပါကြောင်း၊ အထူးသဖြင့်လတ်တ လောပြင်းထန်အာဟာရချို့တဲ့ကလေးငယ်များ ရှိ/မရှိအခြေအနေနှင့် ပြီးခဲ့သောပဋိပက္ခအခြေ အနေများကြောင့် ဖြစ်ပေါ်ခဲ့သည့် လုံခြုံရေးနှင့် စားဝတ်နေရေးအခြေအနေများကိုလေ့လာပြီး မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေရေးအတွက် တာဝန်ရှိသူများ၊ … Read more
-
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီးဒေါက်တာ ၀င်းမြတ်အေး ရခိုင်ပြည်နယ် မောင်တောဒေသရှိ ကျေးရွာများသို့ ကြည့်ရှုထောက်ပံ့ခြင်း
ရခိုင်ပြည်နယ် မောင်တောဒေသတွင်ရောက်ရှိနေသော လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာ၀န်ရှိသူများလိုက်ပါလျက် (၇-၁-၂၀၁၇) ရက်နေ့တွင် ဖားဝပ်ချောင်းရွာ၊ ငါးခူရရွာ၊ မြို့သစ်ရွာ၊ ကပ္ပကောင်းရွာ၊ ရေမျက်တောင်ရွာ၊ ငန်းချောင်းရွာ၊ စံပါယ်ကုံးရွာ၊ ဒိုးတန်းရွာ၊ ခြံပြင်ရွာ၊ စံပါယ်ပင်ရင်းရွာ၊ ရေတွင်းကျွန်းရွာ၊ ကျားခေါင်းတောင်ရွာ၊ ပွင့်ဖြူချောင်းရွာများသို့ သွားရောက်ပြီး ဒေသခံများနှင့်တွေ့ဆုံကာ ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေးအခြေအနေများနှင့်ပတ်သက်၍ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးရာ ဒေသခံများက ပြီးခဲ့သောပဋိပက္ခအခြေအနေများကြောင့် ကျေးရွာများတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကိုတင်ပြကြရာ ပြည်ထောင်စု၀န်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် … Read more
-
အချိန်အခါမဟုတ်မိုးရွာနိုင်မည့်သတိပေးချက်
(၁) သတင်းအမှတ်စဉ် အချိန်အခါမဟုတ် မိုးရွာနိုင်မည့် သတိပေးချက် အမှတ်စဉ် (၁/၂၀၁၇) (၂) ထုတ်ပြန်သည့်အဖွဲ့အစည်း၊ နေ့ရက်၊ အချိန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ (၈-၁-၂၀၁၇)၊ (၁၄း၀၀)နာရီ ထုတ်ပြန်ချက် (၃) မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက် ယနေ့မြန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန် မိုးလေဝသတိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသောလေဖိအားနည်း ရပ်ဝန်း၏ အရှိန်ကြောင့် (၉.၁.၂၀၁၇) ရက်နေ့မှ (၁၂.၁.၂၀၁၇) ရက်နေ့အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာအုပ်စု၊ သစ်လှတောကျေးရွာတွင် (၃-၁-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသည့် မီးဘေးသင့် အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာ (၃) ရက်စာ (၇၂၀၀) နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်တို့အား (၆-၁-၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူတစ်ဦးမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
DAN Mobile Application ထည့်ပေးခြင်းနှင့် စတစ်ကာကပ်ပေးခြင်းများ ဆောင်ရွက်ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၆-၁-၂၀၁၇) ရက်နေ့တွင် ပုသိမ်မြို့တွင်းရှိ မိုဘိုင်းဖုန်းအရောင်းစင်တာများတွင် ပြည်သူများ သဘာဝဘေး၊ မိုးလေဝသအခြေအနေနှင့် ကယ်ဆယ်ရေးသတင်းများ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက် DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်း နည်းလမ်းများအား လိုက်လံရှင်းပြခဲ့ပြီး စတစ်ကာများ ကပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁-၂၀၁၇) ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၁/၂၀၁၇) အား ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)









