အင်္ဂလန်နိုင်ငံအစိုးရ၏ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဌာန (DFID-UK) ၏ ရန်ပုံငွေထောက်ပံ့ငွေနှင့်အတူ ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ပြန်လည် ထူထောင်ရေးအစီအစဉ် (UN-HABITAT) နှင့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးတို့ပူးပေါင်း၍ မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားအား (၉-၁-၂၀၁၇) ရက်နေ့တွင် လပွတ္တာမြို့နယ်၊ ရွေးနဒီခန်းမ၌ ကျင်းပခဲ့ရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလှရှောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လပွတ္တာခရိုင်ကယ်ဆယ်ရေးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာမှ သင်တန်းမိတ်ဆက် အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအား ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ (၂၅) ဦး၊ သင်တန်းသား (၃၅) ဦး၊ စုစုပေါင်း (၆၀) ဦးတက်ရောက်ခဲ့ပါသည်။ ၄င်းနောက် သင်ခန်းစာပို့ချခြင်းအား လပွတ္တာမြို့ရှိ လေးထပ်စာသင်တိုက်၌ ဆက်လက်ကျင်းပခဲ့ရာ လပွတ္တာခရိုင်ကယ်ဆယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာမှ သင်ခန်း စာများပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းအား (၉-၁-၂၀၁၇) ရက်နေ့မှ (၁၃-၁-၂၀၁၇) ရက်နေ့အထိ (၅) ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သတင်းရ ရှိပါသည်။
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)