ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁-၂၀၁၇) ရက်နေ့၌ မကွေး မြို့အတွင်းရှိ Mobile Phone အရောင်းစင်တာများတွင် ပြည်သူများ သဘာဝဘေး၊ မိုးလေဝသအခြေအနေနှင့် ကယ်ဆယ်ရေးသတင်းများ အချိန်နှင့်တပြေးညီ သိရှိနိုင်ရန်အတွက် DAN Mobile Application အသုံးပြုပုံ/အသုံးပြု နည်းလမ်းများအား လိုက်လံရှင်းပြခဲ့ပြီး စတစ်ကာများ ကပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)