(၇-၁-၂၀၁၇) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီကျော်ခန့်က မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရပ်ကွက် အကွက် (၅၁) တိုင်းရင်းဆေး တက္ကသိုလ်အနီးတွင် ဖြစ်ပွားသော မီးဘေးသင့်အိမ်ထောင်စု (၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆန်ရိက္ခာများအား မန္တလေးတိုင်း ဒေသကြီးကယ်ဆယ်ရေးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)