အချိန်အခါမဟုတ်မိုးရွာနိုင်မည့်သတိပေးချက်

(၁)   သတင်းအမှတ်စဉ်

အချိန်အခါမဟုတ် မိုးရွာနိုင်မည့် သတိပေးချက် အမှတ်စဉ် (၁/၂၀၁၇)

(၂)    ထုတ်ပြန်သည့်အဖွဲ့အစည်း၊ နေ့ရက်၊ အချိန်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ (၈-၁-၂၀၁၇)၊ (၁၄း၀၀)နာရီ ထုတ်ပြန်ချက်

 (၃)  မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်

ယနေ့မြန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန် မိုးလေဝသတိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသောလေဖိအားနည်း ရပ်ဝန်း၏ အရှိန်ကြောင့် (၉.၁.၂၀၁၇) ရက်နေ့မှ (၁၂.၁.၂၀၁၇) ရက်နေ့အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာ ကျဲကျဲမှ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။

Sign Up

Upcoming Events