ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၆-၁-၂၀၁၇) ရက်နေ့တွင် ပုသိမ်မြို့တွင်းရှိ မိုဘိုင်းဖုန်းအရောင်းစင်တာများတွင် ပြည်သူများ သဘာဝဘေး၊ မိုးလေဝသအခြေအနေနှင့် ကယ်ဆယ်ရေးသတင်းများ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက် DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်း နည်းလမ်းများအား လိုက်လံရှင်းပြခဲ့ပြီး စတစ်ကာများ ကပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)